ရွှေဖရုံပဲသီးကြော် - eye of god

Breaking

Saturday, March 20, 2021

ရွှေဖရုံပဲသီးကြော်


ပါဝင်ပစ္စည်းများ
  1. ရွှေဖရုံသီး - အနေတော် တစ်ခြမ်း
  2. ပဲတောင့်ရှည် - ဆယ်တောင့်
  3. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်


ပြင်ဆင်ချက်ပြုတ်ပုံ
  1. ရွှေဖရုံသီးကို အစေ့များထုတ်၍ အခွံခွာပြီး လက်တလုံးလောက် အနေတော်လေးတွေ လှီးပေးပါ
  2. လှီးထားသော ရွှေဖရုံသီးများကို ရေဆေးပြီး ရေစစ်ထားပါ
  3. ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  5. ဒယ်အိုးတလုံးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  6. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီကို နွမ်းရုံလေးကြော်ပေးပြီးမှ ရွှေဖရုံသီး ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး မွှေပေးပါ
  7. အရသာများ သမသွားအောင် မွှေပြီးတာနဲ့ ရွှေဖရုံသီးများကို နွမ်းသွားအောင် အဖုံးအုပ်ပြီး ခနထားလိုက်ပါ
  8. ရွှေဖရုံသီးများ မကပ်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  9. ရွှေဖရုံသီး အားလုံးနွမ်းတာနဲ့ ဘေးကို ခနတွန်းထားပြီး ပဲသီးကို ထည့်ပေးပါ
  10. ပဲသီးထည့်ပြီးတာနဲ့ ရွှေဖရုံသီးနှင့် ရောမွှေပေးပါ
  11. ၂ခုလုံးရောမွှေပြီးတာနဲ့ ရွှေဖရုံသီးပဲသီးကြော် ချိုချို မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

________
mmlazp