ပါဝင်ပစ္စည်းများ
ပြင်ဆင်ချက်ပြုတ်ပုံ
ငြိမ်း
- ပဲကြီး
- ကြက်သွန်နီ
- နနွင်းမှုန့်
- ဆီ
- ဆား
ပြင်ဆင်ချက်ပြုတ်ပုံ
- ပဲကြီးက အခွံခွာပြီးသားမဟုတ်ရင် ပဲကြီးကို တစ်ညကြို ရေစိမ်ရပါတယ်။ မနက်ချက်မယ်ဆို ညကတည်း ရေမြုပ်အောင် စိမ်ထားလိုက်ပါ။ ပဲကြီးတစ်ဆ ရေ၃ ဆလောက်နဲ့ စိမ်ပါ။ ပွလာမှာနဲ့ အတော်ဖြစ်အောင်ပါ။
- ချက်မယ့်အိုးထဲ အခွံခွာပြီးသား ပဲကြီးထည့်၊ ဆားသင့်ရုံ၊ ပဲဆီအနည်းငယ် (ဆီများများနဲ့နှပ်ချင်ရင်တော့ များများပေါ့)၊ ကြက်သွန်နီ အသေး အလုံးလိုက် (အသေးမရှိတော့ အကြီးကိုပဲ လေးစိတ်ထိုးထည့်လိုက်ပါတယ်)၊ ဆနွင်းမှုန့်အနည်းငယ် (အရောင်အတွက်ပါ၊ ဖြူဖြူလေးနှပ်ချင်ရင် မထည့်ပါနဲ့) ထည့်ပြီး မီးဖိုပေါ်တင်လိုက်ပါ။
- မိနစ်အနည်းငယ် မွှေပေးပါ။ အဓိကကတော့ ဆနွင်းနံ့လေး ပျောက်ချင်လို့ပါ။ အားလုံး လုံးမိသွားပြီဆိုရင် ရေထည့်ပါ။ ရေကို ပဲမြုပ်ပြီး အပေါ် လက်တစ်ဆစ်ခန့်ထည့်ပါ။ အဖုံးဖုံးပြီး ရေခန်းတဲ့အထိ စောင့်ပါ။
- ရေခန်းလာပြီး ဆီပြန်လာပြီဆို ပဲနူးမနူးစမ်းကြည့်ပြီး နူးရင် ဟင်းအိုးချလို့ရပါပြီ။ ရေခန်းခါနီး မှာ ပဲတွေကို မမွှေပါနဲ့။ ဟင်းအိုးလေးကို မ မပြီး အသာ လှုပ်ပေးပါ။ ပဲတွေကြေသွားမှာ စိုးလို့ပါ။
ငြိမ်း