ဒန့်ဒလွန်သီး ဂျူးမြစ် ချဉ်ရည်ဟင်း - eye of god

Breaking

Monday, December 7, 2020

ဒန့်ဒလွန်သီး ဂျူးမြစ် ချဉ်ရည်ဟင်း


ပါဝင်ပစ္စည်းများ
  1. ဒန့်ဒလွန်သီး
  2. ဂျူးမြစ်
  3. အာလူး
  4. ဘူးသီး
  5. ပန်းဂေါ်ဖီ
  6. ရုံးပတီသီး
  7. နံနံပင်
  8. ငရုတ်သီးစီမ်း
  9. ကြက်သွန်ဖြူ/နီ
  10. ခရမ်းချဉ်သီး
  11. မန်ကျည်းနှစ်
  12. အရသာမှုန့်၊ ဆား၊ သကြားအနည်းငယ်
  13. ငံပြာရည်အနည်းငယ်


ပြင်ဆင်ချက်ပြုတ်ပုံ
  1. ကြက်သွန်ဖြူ/နီ ထောင်းထားပါ။ ခရမ်းချဉ်သီး ပါးပါးလှီးထားပါ။ဒန့်ဒလွန်သီး၊ ဂျူးမြစ်၊ အာလူး၊ ဘူးသီး၊ ပန်းဂေါ်ဖီ၊ ရုံးပတီသီး၊ နံနံပင်၊ ငရုတ်သီးစီမ်း တို့ကို လှီးချွတ်ထားပါ။ မန်ကျည်းနှစ်ဖျော်ထားပါ။

  2. ကြက်သွန်ဖြူ/နီ ကို ဆီသတ်ပြီး ရွခါနီးရင် ငရုတ်သီးအစိမ်းမှုန့်နဲ့ နနွင်းမှုန့် ထည့်ပါ။ ခရမ်းချဉ်သီးကို လိပ်နေအောင် ဆီသတ်ပြီးနောက် ဒန့်ဒလွန်သီး၊ ဂျူးမြစ်၊ အာလူး၊ ဘူးသီး ထည့်မွှေပါ။ ပြီးရင် ရေထည့်ပါ။ အရသာမှုန့်၊ ဆား၊ သကြားအနည်းငယ်၊ ငံပြာရည်အနည်းငယ် ထည့်ပါ။

  3. အရင်ထည့်ထားတဲ့ အသီး အနှံတွေ နူးရင် ပန်းဂေါ်ဖီ ထည့်လိုက်ပြီး မန်ကျည်းရည် ထည့်ပါ။

  4. ၅ မိနစ်ကြာရင် ရုံးပတီသီး၊ နံနံပင်၊ ငရုတ်သီးစီမ်း ထည့်မွှေလိုက်ပါ။

  5. နောက် ၅ မိနစ်ကြာရင် အိုးချစားသုံးနိုင်ပါပြီ။


ဒန့်ဒလွန်သီး နဲ့ ဂျူးမြစ် ကို အဓိက ထားပြီး အချဉ်ဟင်းချက်စားတာမို့
ပဲတောင့်ရှည်နဲ့ ခရမ်းသီး မထည့်တော့ပါ။
________
ပဲခူးဒေါ်ထွေးရီ