
ရခိုင်လက်ရာ ဒညင်းသီးနှင့် ပုစွန်ခြောက်ငါးပိချက်
ပါဝင်ပစ္စည်းများ
- ဒညင်းသီးပြုတ်………..၁၀လုံး
- ရွှေပုစွန်ခြောက်………..၂ဇွန်း
- စိမ်းစားငါးပိ.. …………..၁ဇွန်း
- ငရုတ်သီးစိမ်း.. ………..၁၅တောင့်ခန့်
- ကြက်သွန်နီ.. ………….၁လုံး
- ကြက်သွန်ဖြူ.. ………..၅တက်
- ခရမ်းချဉ်သီးမှည့်မှည့်..၅လုံးခန့်
ပြင်ဆင်ချက်ပြုတ်ပုံ
- ဒညင်းသီးပြုတ်ကို ထက်ခြမ်းခွဲပြီး အညှောင့်လေးတွေ ထုတ်ပေးပါ။ ထိုအညှောင့်လေးက အခန့်မသင့်ရင် အစာအဆိပ်တက်တဲ့ဓာတ်ကို ဖြစ်ပေါ်စေတတ်ပါတယ်။
- ထက်ခြမ်းခွဲပြီး ငရုတ်ဆုံမှာ ထောင်းပြားပြားပေးပါ။
- ငါးပိကို ရေခပ်နွေးနွေးနှင့် ဖျော်ထားပါ။
- ကြက်သွန်နီ၊ ဖြူနှင့် ငရုတ်ခြောက် ၃တောင့်လောက်ကိုရောပြီး ညှက်နေအောင်ထောင်းပါ။ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းကို ခပ်ကြမ်းကြမ်းလှီးပါ။
- ဒယ်အိုးတစ်လုံးမှာ ထောင်းထားသောအရော၊ ခရမ်းချဉ်သီး၊ ရွှေပုစွန်ခြောက်တို့ကို နနွင်းမှုန့်အနည်းငယ်နှင့် အတူရောထည့်ပြီး ဆီအနည်းငယ်လောင်းထည့်ပါ။
- အဖုံးအုပ်ပြီး မီးအေးအေးမှာ ဆီပြန်အောင်ချက်ပေးပါ။
- ဆီပြန်လာလျှင် ထောင်းပြား(သို့)ခြမ်းထားတဲ့ ဒညင်းသီးတွေ ထည့်ချက်ပါ။
- ၃မိနစ်ခန့် ဆက်ချက်ပြီးလျှင် အရည်ဖျော်ထားတဲ့ငါးပိကို လောင်းထည့်ပြီး ငရုတ်သီးစိမ်းတွေထည့်ပါ။
- အဖုံးအုပ်ပြီး ရေခမ်းသည်အထိ ဆက်ချက်ပေးပါ။
- အရသာအတိုးအလျှော့ ချိန်ဆပြီးရင် ထမင်းမြိန်တဲ့ ဒညင်းသီးငါးပိချက်လေးတစ်ခွက် ရပါပြီ။
jeeptoolay