ပါဝင်ပစ္စည်းများ
ပြင်ဆင်ပြုလုပ်ပုံ
- ပဲစောင်းလျားသီး
- နှမ်း
- ကြက်သွန်နီဥကြီးတစ်လုံး
- ဆား
- ကြက်သွန်နီဆီချက်
- ငရုတ်သီး အကျက်မှုန့်
- သံပုရာသီးတစ်စိတ်
ပြင်ဆင်ပြုလုပ်ပုံ
- ပဲစောင်းလျားသီးတွေကို ရေစင်စင်ဆေး၊ ထိပ်နှစ်ဘက်ကို ဖြတ်ပြီး အကြောသင်ထားပါတယ်။
- အိုးတစ်လုံးထဲကို ရေထည့်ပြီး ဆူအောင်တည်ထားလိုက်ပါတယ်။
- ရေနွေးအိုးတည်ထားခိုက် နှမ်းထောင်းထားပါတယ်။ ဒီမှာတော့ ကြိတ်စက်နဲ့ ကြိတ်တယ်ပေါ့လေ။ ပုံမှာပြထားတဲ့ဇွန်းနဲ့ ၃ ဇွန်းကြိတ်ပါတယ်။ ညက်မှုန့်နေအောင် မကြိတ်ပါဘူး။ အလုံးကွဲရုံလေးကြိတ်တာပါ။
- ရေနွေးပွက်ပွက်ဆူထဲကို ပဲစောင်းလျားသီးတွေထည့်ပြီး ၃ မိနစ်ခန့်ထားပါတယ်။ ထို့နောက်ဆယ်ပြီး ရေခဲရေနဲ့ ခဏစိမ်လိုက်ပါတယ်။ အစိမ်းရောင်တွေ မပျောက်အောင်နဲ့ အနည်းငယ် ကြွပ်နေအောင်ပါ။
- ကတ်ကြေးနဲ့ အနေတော်လေးတွေ ညှပ်ထားပါတယ်။
- ကဲ သုပ်တော့မယ်ဆိုတော့ ညှပ်ထားတဲ့ ပဲစောင်းလျားသီးတွေကို ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်နီဆီချက်၊ နှမ်းထောင်း၊ ငရုတ်သီးအကျက်မှုန့်၊ ဆားအနည်းငယ်ထည့်ပြီး သံပုရာရည်ညှစ်ထည့်ကာ နယ်လိုက်ရုံပါပဲ။
- လှလှပပလေး ဖြစ်သွားအောင် အပေါ်ကနေ ကြက်သွန်နီဆီချက် ဖြူးပြီးရင်တော့ သုံးဆောင်လို့ရပါပြီရှင်။
ငြိမ်း