ပါဝင်ပစ္စည်းများ
- ကင်းပုံသီး
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ပုစွန်ခြောက်မှုန့်
- ငရုတ်သီးအစိမ်းမှုန့်
- ဆားအနည်းငယ်
- အချိုမှုန့်အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
- ကင်းပုံသီးကို ရေသေချာဆေးပြီး ထိပ်နှစ်ဘက်အနည်းငယ်ကို လှီးဖြတ်ပါ။ ပုံပါအတိုင်း ထက်ခြမ်းခြမ်းပါ။ ထို့နောက် လှီးထားသော အခြမ်းကိုမှောက်ပြီး ငရုတ်ကျည်ပွေ့နှင့် တစ်ချက်နှစ်ချက် ထုလိုက်ပါ။ အကုန်ထုပါ။
- ကြက်သွန်အဖြူ နဲ့ အနီကို ထောင်းထားပါ။
- အိုးထဲ ဆီအနည်းငယ်ထည့်၊ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ နီကိုထည့် ဆီသတ်၊ ကျက်ခါနီးတွင် ငရုတ်သီးအစိမ်းမှုန့်ထည့်။ ထို့နောက် ပုစွန်ခြောက်မှုန့်ထည့်ပြီး ဆီသတ်ပါ။
- ဆီသတ်ပြီးသောအခါ ထုထားသော ကင်းပုံသီးများကိုထည့်ပြီး စက္ကန့်အနည်းငယ်မွှေပေးပါ။ ထို့နောက် ရေမြုပ်ရုံထည့်၊ ဆားသင့်ရုံ၊ အချိုမှုန့်သုံးလျှင် အနည်းငယ်ထည့်မွှေပြီး အဖုံးခဏဖုံးထားပါ။
- ဆီပြန်လာပြီး ကင်းပုံသီးနူးလာပြီးဆိုလျှင် ကင်းပုံသီးကြော်ချက်တစ်ခွက် အဆင်သင့်ဖြစ်ပါပြီ။
_____
ငြိမ်း
ငြိမ်း