ကုလားပဲပေါင်း မွှေးမွှေးလေး - eye of god

Breaking

Saturday, November 21, 2020

ကုလားပဲပေါင်း မွှေးမွှေးလေး

ကလေးလူကြီး အရမ်းသဘောကျတဲ့ ပဲပေါင်းလေးဖြစ်သလို ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ဆယ်မွှာ
  3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ


ပြင်ဆင်ပုံ

  1. ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  3. ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး ကြက်သွန်ဖြူ ကို ထည့်ကြော်ပြီး ကြွတ်လာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
  4. ကုလားပဲခြမ်းကို အိုးထဲမှာထည့်ပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
  5. ရေဆေးပြီးတာနဲ့ ပဲကိုရေမြုပ်အောင် ထည့်ပေးပြီး ပြုပ်ပေးပါ
  6. ရေခမ်းပြီး ပဲမနူးသေးပါက ရေထပ်ထည့်ပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
  7. ပဲများ နူးအိလာတာနဲ့ မီးပိတ်ပေးပြီး ပဲများကျေသွားတဲ့အထိ ဇွန်းနှင့်ဖိပြီး ချေပေးထားပါ
  8. အားလုံးအဆင်သင့် ဖြစ်တာနဲ့ကြက်သွန်ကြော်လို့ ပိုတဲ့ဆီထဲမှာ ပြုပ်ပြီးချေထားသော ပဲများကို ထည့်ကြော်ပေးပါ
  9. ပဲများကို အဆက်မပြတ် မွှေပေးပြီး ဆားနှင့် အချိုမှုန့်တို့ ထည့်မွှေပေးပါ
  10. ပဲများအိလာပြီး မွှေးလာပြီ ဆိုတာနဲ့အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  11. ပြီးတာနဲ့ ပန်းကန်ထဲ ပဲပေါင်းများထည့်ပြီး ကြော်ထားသော ကြက်သွန်ဖြူကြော်ကို ပဲပေါင်းအပေါ်မှ ဖြူ း ပြီး စားသုံးနိုင်ပါပြီ။

______
mmlazp