ကန်စွန်းရွက် ချဉ်ရည်ဟင်း - eye of god

Breaking

Sunday, December 6, 2020

ကန်စွန်းရွက် ချဉ်ရည်ဟင်း


ပါဝင်ပစ္စည်းများ
  1. ကန်စွန်းရွက် – ၁ စည်း (အနေတော်ဖြတ်ထားပါ)
  2. ခနောကြက်သားမှုန့် – ၁ ဇွန်း စားပွဲဇွန်း
  3. မန်ကျည်းရည် – ၁ ဇွန်း ခွဲ လ္ဘက်ဇွန်း
  4. နံနံပင် – ၃ ပင် (ကြမ်းကြမ်းလေးလှီးထားပါ)

ဟင်းအနှစ်လုပ်ရန် (Curry Paste)
  1. ကြက်သွန်ဖြူ – ၂ မွှာ (ထောင်းထားပါ)
  2. ကြက်သွန်နီ – ၂လုံး (ထောင်းထားပါ)
  3. နနွင်းမှုန့် – ၁/၄ ဇွန်း လ္ဘက်ဇွန်း
  4. အရောင်တင်မှုန့် – ၁ ဇွန်း လ္ဘက်ဇွန်း
  5. ဆီ – ၂ ဇွန်း စားပွဲဇွန်း
  6. ဂျင်း – လက်တစ်ဆစ် (ထောင်းထားပါ)
  7. ငပိစိမ်းစား – ၁ ဇွန်း လ္ဘက်ဇွန်း
  8. ငရုတ်သီးစိမ်း – ၈ တောင့် (ထိပ်ပဲညှပ်ထားပါ)
  9. ငံပြာရည် – ၁ ဇွန်း လ္ဘက်ဇွန်း

ချက်ပြုတ်နည်း
  1. အိုးထဲ ဆီထည့်ပြီး ဆီပူလျှင် ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်းများအားလုံးကို ဆီသတ်ပါ။ 
  2. ရွှေရောင်သန်းပြီးမွှေးလာသည် အထိဆီသတ်ပါ။
  3. ဆီသတ်ထားသောအိုးထဲ ရေ ၁ ခွက်ခန့် ထည့်ပြီး ဆူအောင်တည်ပါ။
  4.  ရေဆူလာလျှင် ကျန် ပါဝင်ပစ္စည်းများထပ်ထည့်ပြီးတည်ပါ။
  5.  ရေအနည်းငယ်ခမ်းလျှင် ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။

Knorr