
ကန်စွန်းရိုးနီ မရှိလေတော့ ထိုင်ဝမ်ကန်စွန်းကိုဘဲ ချဉ်ရည်ဟင်း ချက်လိုက်ပါတယ်။ ထိုင်ဝမ်ကန်စွန်းရွက်ပေမဲ့ ချက်နည်းလေးသိရင် အရမ်းစားကောင်းပါတယ်။ ကန်စွန်းရိုးနီ နီးနီး စားကောင်းလွန်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ပြင်ဆင်ချက်ပြုတ်ပုံ
________
mmlazp
ပါဝင်ပစ္စည်းများ
- ထိုင်ဝမ်ကန်စွန်း - လက်တစ်ဆုတ်သာသာ စည်းထားသောအစည်း တစ်စည်း
- ကြက်သွန်နီ - တစ်ခြမ်း
- ကြက်သွန်ဖြူ - နှစ်မွှာ
- ချင်း - လက်တစ်ဆစ်၏ တစ်ဝက်
- ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- မကျည်းသီးမှည့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငါးကျည်းကြပ်တိုက် - ဆယ်ကောင်
ပြင်ဆင်ချက်ပြုတ်ပုံ
- ကန်စွန်းရွက်ကို သင့်သလိုလှီးပြီး ရေဆေးထားပါ။
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ခပ်နုတ်နုတ် လှီးထားပါ။
- ငရုတ်သီးမှုန့်ကို ပြင်ထားပါ။
- ငါးကျည်းကြပ်တိုက်ကို ရေနာရီဝက်လောက်စိမ်ပြီး အရိုးထွင်ထားပါ။
- မကျည်းသီးအမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ။
- ဇောက်နက်သော အိုးထဲမှာ ကန်စွန်းရွက်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ နီ ချင်းတို့ကိုထည့်ပြီး နယ်ပေးပါ။
- အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ။
- ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ။
- အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အရိုးထွင်ထားသော ငါးကျည်းကြပ်တိုက် အသားများကိုထည့်ကာ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ။
- ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မကျည်းသီးအနှစ်ထည့်ပြီး ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့အရသာမြည်းပြီး မီးပိတ်ပေးပါ။
- ထမင်းမြိန်စေတဲ့ ကန်စွန်းရွက် ချဉ်ငံစပ် အရသာမွှေးလွန်းတဲ့ ချဉ်ရည်ဟင်းရပါပြီ။
________
mmlazp





