ခရမ်းသီးရခိုင်ချက် - eye of god

Breaking

Wednesday, December 16, 2020

ခရမ်းသီးရခိုင်ချက်


ရမ်းသီးအမျိုးအစားပေါင်း အများအပြားရှိကြရာမှာ ခရမ်းသီးရခိုင်ချက်က ခရမ်းခေါင်းသီးလို့ခေါ်ကြတဲ့ ခရမ်းသီးအပုအဝိုင်းလေးတွေကို အသုံးများပါတယ်။ ခရမ်းသီးက ရခိုင်လူမျိုးတွေ ကြိုက်နှစ်သက်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး အကျွေးအမွေးနဲ့ ဧည့်ခံတဲ့ ပွဲလမ်းသဘင်နဲ့ အခမ်းအနားတွေမှာ အရန်ဟင်းတစ်မည်အနေနဲ့ ထည့်သွင်း ချက်ပြုတ် ကျွေးမွေးလေ့ရှိပါတယ်။

ပါဝင်ပစ္စည်းများ
  1. ခရမ်းခေါင်းသီး - ၅ လုံး (အရွယ်တော်)
  2. မျှင်ငါးပိ - ကွမ်းသီးလုံးခန့်
  3. ငရုတ်သီးစိမ်း - ၁၀ တောင့်
  4. ကြက်သွန်နီ - ၁ လုံး
  5. ဆား၊ နနွင်းမှုန့် - သင့်ရုံ


ပြင်ဆင်ချက်ပြုတ်နည်း
  1. ခရမ်းခေါင်းသီးများကို ရေဆေး၍ ထိပ်ပိုင်း အညှာကိုဖြတ်ပြီး လေးစိတ်စိတ်ထားပါ။
  2. ငရုတ်သီးစိမ်းတောင့်များကို ရေဆေး၍ အညှာခြွေပြီး မညက်တညက် လေးစိတ်ကွဲ ထောင်းပါ။ မျှင်ငါးပိကို ရေအနည်းငယ်ထည့်ပြီး ရေဖျော်ထားပါ။ ကြက်သွန်နီ ကို နုပ်နုပ်စဉ်းပါ။
  3. အားလုံးပြီးပါက ဒယ်အိုးတစ်လုံးထဲ လေးစိတ်စိတ်ထားသော ခရမ်းသီးများနှင့် အတူ ဆား၊ နနွင်းမှုန့်၊ ငရုတ်သီးလေးစိတ်ကွဲ၊ ကြက်သွန်နီနှင့် ရေဖျော်ထားသော မျှင်ငါးပိတို့ကို ထည့်ပြီး ဖိုမှာတည်ပါ။
  4. ဟင်းအိုးဆူလာလျှင် ရေထပ်ထည့်ပြီး အသီးနူးအောင် အဖုံးအုပ်ချက်ပါ။ ပူပူ လောင်လောင် ချိုချိုစပ်စပ်နှင့် ဆီမလိုသည့် နူးနူးနပ်နပ် ခရမ်းသီးရခိုင်ချက်လေး ရပါပြီ။
________
ဦးစံလွင်(ငါးဦးစီး)
Food Magazine