ရှားစောင်းလက်ပတ်သုပ် - eye of god

Breaking

Tuesday, December 15, 2020

ရှားစောင်းလက်ပတ်သုပ်


မခါးဘူး၊ မနံဘူး၊ မချွဲဘူး။ ဆိမ့်ဆိမ့်လေးနဲ့ ကျန်းမာရေးအတွက်လည်း သင့်တော်တဲ့ ရှားစောင်းလက်ပတ်သုပ်။

ပါဝင်ပစ္စည်းများ
  1. ရှားစောင်းလက်ပတ်
  2. သံပုရာရည်၊ ဆား
  3. ကြက်သွန်နီ
  4. မြေပဲလှော်
  5. ပူစီနံ (သို့) ပူဒီနာ
  6. ကြက်သွန်ဖြူ
  7. ငရုတ်သီးစိမ်း
  8. သကြား
  9. ပဲငံပြာရည် အကြည်
  10. ရှာလကာရည်

ပြုလုပ်နည်း
  1. ရှားစောင်းလက်ပတ်ကိုနုတဲ့အတက်လေးတွဖြတ်။ ဘေးကအဆူးတွေဖြတ်ပြီး အစေးတွေကုန်သွားအောင် ရေနိုင်နိုင်ဆေးပါ။
  2. ပြီးတော့ပါးပါးလှီးပြီး ငါးမိနစ်ခန့် ဆားရည်စိမ်ပါ။
  3. ပြီးရင် ရေပြန်ဆေး၊ ချွဲချွဲရည်တွေထွက်လိမ့်မယ်။ လေးငါးခါ ဆေး၊ ညှစ်ချလုပ်လိုက်ပြီးရင် သံပုရာရည်နဲ့ဆားနဲ့နယ်ပြီး ပြန်ဆေးပါ။
  4. မချွဲတော့ရင် ရေစင်အောင်ညှစ်ပြီး သုတ်မဲ့ ပန်းကန်ထဲထည့်ထားပါ။
  5. မြေပဲလှော်ထောင်းထည့်ပါ။ ပူစီနံလေးပါးပါးလှီးထည့်ပါ။ ကြက်သွန်နီပါးပါးလှီးထည့်ပါ။
  6. ပြီးရင်အပေါ်က ဆော့(ကြက်သွန်ဖြူ ငရုတ်သီးစိမ်း သကြားရောထောင်း ပြီးရင် ပဲငံပြာရည်အကြည်အကျဲလေးထည့်၊ ဆားထည့်၊ ရှာလကာရည်ထည့်၊ သံပုရာရည်ညှစ်၊ ရေအနည်းငယ်ထည့်ပါ) အရသာ အကြီုက်စပ်ပြီးရင် လောင်းချပြီး ပုစွန်ခြောက်တွေထည့်လိုက်ရင်တော့ စားလို့လည်းကောင်း ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ နှုတ်မြိန်စေတဲ့ အသုပ်တစ်ခွက်ရပြီပေါ့နော်။

________
trend.com.mm