အသီးအရွက်စုံ ချိုချဉ်ကြော် - eye of god

Breaking

Thursday, May 20, 2021

အသီးအရွက်စုံ ချိုချဉ်ကြော်

ပါဝင်ပစ္စည်းများ
  1. ဂေါ်ဖီထုပ်နုနု - တစ်ခြမ်းခန့်
  2. သခွားသီး - အနေတော်အရွယ် ၂ လုံး
  3. ခရမ်းချဉ်သီး - ၁ လုံး
  4. ငရုတ်ပွ - ၂ တောင့်
  5. ကောက်ရိုးမှို - ၅ပွင့်/၆ ပွင့်
  6. ပဲပြားအဖြူ - ၁ တုံး
  7. ဂျုံမှုန့် - စားပွဲတင်ဇွန်း ၁ ဇွန်း
  8. ခရမ်းချဉ်သီးဆော့စ် - စားပွဲတင်ဇွန်း တစ်ဝက်
  9. ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း ၂ ဇွန်း
  10. ရှာလကာရည် - စားပွဲတင်ဇွန်း ၁ ဇွန်း
  11. ရေ - လက်ဖက်ရည်ပန်းကန် တစ်ဝက်
  12. ဟင်းသီးဟင်းရွက်ဆီ - ၂ ဇွန်း

ပြုလုပ်နည်း
  1. အရင်ဆုံးဆီကျက်အောင် တည်ပါ။ ဆီကျက်ပြီဆိုရင် ဂေါ်ဖီထုပ်၊ သခွား၊ ငရုတ်ပွ၊ ခရမ်းချဉ်၊ မှို၊ ပဲပြားနဲ့ ရေတို့ထည့်ပြီး မွှေကြော်ပေးရပါမယ်။
  2. အားလုံးအနေတော်ဖြစ်ပြီဆိုရင် ခရမ်းချဉ်သီးဆော့စ်ကိုထည့်ပေးရပါမယ်။
  3. (အသားနဲ့စားချင်တဲ့သူတွေအတွက်လည်း နှစ်သက်ရာအသားတစ်မျိုးမျိုးကို ထည့်သွင်းကြော်ချက်နိုင်ပါတယ်။)
  4. သကြား၊ ပဲငံပြာရည်နဲ့ ရှာလကာရည်တို့ထည့်ပါ။ စေးပျစ်လာဖို့အတွက် ဂျုံမှုန့်အနည်းငယ်ကို ရေဖျော်ပြီးထည့်ပါ။
  5. အနေတော်အရသာရတဲ့အထိပြင်ဆင်ပြီးပါက အရသာကောင်းမွန်တဲ့ ချိုချဉ်ကြော်တစ်ပွဲ ရပါပြီ။
 
-------