ပါဝင်ပစ္စည်းများ
- ဘေဘီဘရော့ကိုလီ - ဆယ်ပင်ခန့်
- ပုစွန်ထုတ် - 150 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
အရသာစပ်ရန်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
- ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
- ပုစွန်ကို ရေစင်အောင်ဆေးပြီး အခွံခွာပြီး ခေါင်းများဖြုတ် ထားပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
- ဘေဘီဘရော့ကိုလီ ရေဆေးပြီး အနေတော် အခက်လေးတွေ လှီးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ပုစွန်ကို အရင်ဆုံး ထည့်ေ ကြာ်ပေးပါ
- ပုစွန်ကျက်သွားပါက ဘေဘီဘရော့ကိုလီကို ထည့်မွှေပေးပါ
- ဘရော့ကိုလီများ အနည်းငယ် နွမ်းသွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
- ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
- အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနပဲကြော်ပေးပါ
- ဘေဘီဘရော့ကိုလီများ အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီကား လိုသလို ပြင်ပေးပါ
- မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
- ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဘေဘီဘရော့ကိုလီ အစိမ်းကြော်လေး ရပါပြီ။
_____
mmlazp
