ရုံပတေသီးနှပ် - eye of god

Breaking

Wednesday, November 18, 2020

ရုံပတေသီးနှပ်

ပါဝင်ပစ္စည်းများ
  1. ရုံပတေသီး - နှစ်ငါးတောင့်
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆီ - စားပွဲတင်ဇွန်း သုံးဇွန်း

ပြင်ဆင်ချက်ပြုတ်ပုံ
  1. ရုံပတေသီးကို အတောင့်လိုက် ရေဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ ထိပ်ဖက်မှ ဖြတ်ပေးပြီး အလယ်မှ ထက်ဝက် ခပ်စောင်းစောင်း လှီးပေးပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးပါ
  4. ကြက်သွန်ဖြူကို ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  5. အားလုံး အဆင်သင့် ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ
  6. ပြီးတာနဲ့ကြက်သွန်ဖြူ  ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
  7. ကြက်သွန်အဖြူ  ကြက်သွန်နီတို့ နွမ်းပြီဆိုတာနဲ့ရုံးပတေသီး ဆား အရသာမှုန့် နှင့် ပဲငံပြာရည်တို့ကို တစ်ခါထဲ ထည့်ကြော်ပေးပါ
  8. အရသာတွေ အားလုံးထဲ့မွှေပေးပြီးတာနဲ့  အားလုံးကို သမအောင်မွှေကာ အိုးအဖုံး အုပ်ပေးပြီး နှပ်ပေးပါ
  9. ရုံပတေသီး အိုးမကပ်စေရန်နှင့် လှီးထားသော အတုံးလေးများ ပုံစံမပျက်စေရန် ဟင်းအိုးကို မမွှေဘဲ လှုပ်လှုပ်ပေးပါ
  10. ရုံပတေသီး နွမ်းယောင်လေး ပြလာတာနဲ့ အရသာမြည်းပြီး လိုသောအရသာကို ပြင်ပေးပါ
  11. ပြီးတာနဲ့ ရုံးပတေသီးနှပ် ကြွတ်ကြွတ်ချိုချို မွှေးမွှေးလေးကို စားဖို့ပြင်ဆင်နိုင်ပါပြီ။

______
mmlazp