ပါဝင်ပစ္စည်းများ
ပြင်ဆင်ချက်ပြုတ်ပုံ
______
mmlazp
- ခရမ်းကြွပ်သီး - အလုံးနှစ်ဆယ်ခန့်
- ကြက်သွန်နီ ဥကြီးကြီး - တစ်ဥ
- ပုစွန် - ဆယ်ကောင်ခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ချက်ပြုတ်ပုံ
- ခရမ်းသီးကို အညှာ ပြတ်အောင်လှီးပြီး ထက်ဝက်ခြမ်းပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
- အညိုရောင် အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
- ကြက်သွန်ဖြူ ကြက်သွန်နီနှင့့်တို့ကို အခွံခွာပြီး ရေစင်အောင် ဆေးပေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီးထောင်းပေးပါ
- ပုစွန်ကို ရေစင်အောင်ဆေးပြီး အခွံခွာပြီး အစာအိတ်နှင့် အစာလမ်းကြောင်းကို ဖယ်ပေးပါ
- ဇောက်နက်သော အိုးတစ်လုံးထဲမှာခရမ်းသီး နနွင်းမှုန့် ဆား ဆီ အရသာမှုန့်နှင့် ပုစွန်တို့ကို ရောနယ်ပေးထားပါ
- အိုးထဲမှာ အရသာ နယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
- အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
- ခရမ်းသီးနူးပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာရအောင် ပြင်ပေးပါ
- အရသာ လိုသလို ပြင်ပေးပြီးတာနဲ့ ပုဇွန်ခရမ်းသီးတောချက် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။
______
mmlazp
