
သက်သတ်လွတ် ဟင်းတစ်မယ်အတွက် ပဲပြားကို အချိုအရသာ ပေါင်းထားပါတယ်။ ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲပြား - 250 g
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ -၂မွှာ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- ရေ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ
- ပဲပြားကို ရေဆေးကာ လက်တစ်လုံး အရွယ်လေးတွေ အချပ်လိုက် လှီးထားပါ။
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ တစ်ခြမ်းကို ခပ်ပါးပါး လှီးထားပါ။
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ။
- ပန်းကန်တစ်လုံးထဲမှာ ဆား၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ ရေနှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောပြီး သမအောင် ပြင်ထားပါ။
- ပန်းကန်တစ်လုံးထဲမှာ ပဲပြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အရသာ စပ်ထားသော ပဲငံပြာရည်တို့ကို ထည့်ပေးပါ။
- ထိုပန်းကန်ကို ပေါင်းအိုးထဲထည့်ပြီး အဖုံးအုပ်ပေးပါ။
- ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကို နှိပ်ပေးပြီး သုံးမိနစ် ပေါင်းပေးပါ။
- ပဲပြားပေါင်းချိန် သုံးမိနစ် ပြည့်တာနဲ့ ပေါင်းအိုးမှ လေထုတ်မည့် ခလုတ်ကို နှိပ်ပြီး လေကုန်အောင် နှိပ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ။
- ပဲပြားပေါင်းစဉ် ထွက်လာသော အရည်မှာ အရမ်းကို ချိုတဲ့အတွက် အရည်သောက်ဆမ်းလေး ပြင်ပေးနိူင်ပါတယ်။
- ပြီးတာနဲ့ ပဲပြားပေါင်း ပန်းကန်ကို ပေါင်းအိုးအပြင်သို့ ထုတ်ပေးပြီး ပူပူလူလူလေး သုံးဆောင်နိူင်ပါပြီ။
_______
mmlazp