
ခရမ်းဘုတ်မသီးကြီးတွေ မီးဖုတ်ပြီးသုတ်စား စား၊ ကြက်ဥလေးနဲ့ကြော်စား စား အရမ်းကောင်းပါတယ်။ စိမ့်ပြီးအရသာကိုရှိနေတာပဲ။ သတ်သက်လွတ်ဟင်းတစ်ခွက်ပါပဲနော်။
ပါဝင်ပစ္စည်းများ( ၅ယောက်စာ)
- ခရမ်းဘုတ်မသီး - ၂လုံး
- ကြက်သွန်နီ - ၁ လုံး (ပါးပါးလှီးပြီးရေစိမ်ထားပါ)
- ဆီစိမ်း - ၄ ဇွန်း (စားပွဲတင်)
- ကြက်သွန်ဖြူ - ၄မွှာ (ပါးပါးလှီးထားပါ)
- ဆား၊ ကြက်သားမှုန့်
- နံနံပင်
- ခရမ်းသီးများကို Oven ထဲ ထဲ့ပြီးမီးဖုတ်လိုက်ပါ။ မိနစ်၂၀အကြာ မွှေးလာပြီး ခရင်းနဲ့ထိုးကြည့်လို့ အိနေပြီဆိုရင်ရပါပြီ။


- ခရမ်းသီးများ အခွံခွါပြီး အနှစ်များယူပါ။ ဇလုံ ၁ခုထဲ မှာထဲ့ပြီး ဆီစိမ်း၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ ၄မွှာ ပါးပါးလှီးထားတာထဲ့ ( ခရမ်းသီးက လေထိုးတတ်လို့ကြက်သွန်ဖြူ များများထဲ့ပါတယ်)။



- အားလုံးရောမွှေပြီး နံနံပင် ဖြူးကာ စားသုံးနိုင်ပါပြီ။
_______________
အိသက်(htet family)