ပိန္နဲသီးဟင်း - eye of god

Breaking

Tuesday, October 22, 2019

ပိန္နဲသီးဟင်း



 ပါဝင်ပစ္စည်းများ
  1. ပိန္နဲသီး ၃ ကွင်း
  2. ငရုတ်သီးပင်နံသီးခြောက် ၁၀ တောင့်
  3. ဆူးပုတ်ရွက် ၁ စည်း
  4. ဆား
  5. ဟင်းခတ်မှုန့်
  6. နနွင်းမှုန့်
  7. ကြက်သွန်ဖြူ ၃ မွှာ

ပြင်ဆင်ချက်ပြုတ်ပုံ
  1. ပထမဆုံး ပိန္နဲသီးကို အခွံနွှာထားပါ၊ အတုံးငယ်လေးတွေတုံးပြီး ရေစိမ်ထားပါ၊ ငရုတ်သီးထောင်းထားပါ၊ ကြက်သွန်ဖြူထောင်းထားပါ။
  2. အိုးထဲသို့ လှီးထားသော ပိန္နဲသီး ကြက်သွန်ဖြုနဲ့ ငပိလက်တစ်ဆစ်ခန့်ထည့်ပါ၊ ဆီအနည်းငယ်ထည့်ပါ၊ ဆားအချိုမှုန့် နနွင်းမှုန့် ထည့်၍ အုပ်ထားပါ။
  3. ၃ မိနစ်ခန့်ကြာလျှင် မွှေပေးပါ၊ ပိန္နဲသီးနွမ်းမှ ထောင်းထားသော ငရုတ်သီးကို ထည့်ပြီး မွှေပါ။
  4. ပိန္နဲသီးရေမြုပ်အောင် ထည့်ပြီး နူးသည်အထိ အုပ်ထားပေးပါ၊ အရည်နှင့်စားလိုလျှင် ရေထပ်ထည့်နိုင်ပါတယ်နော်။ ကိုယ်လိုချင်တဲ့ အနေထားရောက်ပြီး ချခါနီးမှ ဆူးပုတ်ရွက်လေး ထည့်အုပ်ပေးပါရှင်...။
မှတ်ချက် – မေ့ချက်တာ အချိုမှုန့် ပါတယ်ဆိုယုံပဲ သုံးပါတယ်..။

........
မေ