ပါဝင်ပစ္စည်းများ
- ကညွတ် - လက်တစ်ဆုပ်စာ ၁ စည်း
- ကြက်သွန်ဖြူ - ၄ မွှာ (ဓားပြားရိုက်ထားပါ။)
- ခရုဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း
- သကြား - အနည်းငယ်
- ဆား - သင့်ရုံ
ပြင်ဆင်ချက်ပြုတ်ပုံ
- ကညွတ်ကို ရေဆေးသန့်စင်ပြီး မာသောအရင်းပိုင်းဖြတ်ထုတ်ကာ အနုပိုင်းကိုယူပါ။ အဖူးမှလွဲ၍ ကျန်နေရာများကို အနည်းငယ်ထုပေးပြီး နှစ်သက်သလို အနေတော် ပိုင်းဖြတ်ထားပါ။
- ဒယ်တွင် ဆီထည့်ပြီး ဆီကျက်အောင် တည်ပါ။ ဆီကျက်လျှင် ကြက်သွန်ဖြူ ဆီသတ်ပါ။
- ကြက်သွန်ဖြူများအနည်းငယ်နွမ်းလာလျှင် ကညွတ်များထည့်၊ ခရုဆီ၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်တို့ထည့်ကာ အနည်းငယ်မွှေပေးပြီး ရေနည်းနည်းထည့်၍ အဖုံးအုပ်ထားပါ။
- ကညွတ်နူးလျှင် အပေါ့အငံမြည်း၊ လိုသလိုပြင်ပြီး ပန်းကန်ထဲထည့်ကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။
o'chef
