ပါဝင်ပစ္စည်းများ
- ကညွတ် - လက်တစ်ဆုပ်စာ ၁ စည်း
- ကြက်သွန်ဖြူ - ၄ မွှာ
- ကြက်သွန်နီ - အရွယ်တော် ၁ လုံး
- မိုးမျှော်ငရုတ်သီးစိမ်း - ၁ တောင့်
- ခရုဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲငပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပဲဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း
- သကြား - အနည်းငယ်
- ဆား - သင့်ရုံ
ပြင်ဆင်ချက်ပြုတ်ပုံ
- ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ဆုံတွင် ထောင်းထားပါ။
- ကညွတ်ကို ရေဆေးသန့်စင်ပြီး မာသောအရင်းပိုင်းဖြတ်ထုတ်ကာ အနုပိုင်းကိုယူပါ။ အဖူးမှလွဲ၍ ကျန်နေရာများကို အနည်းငယ်ထုပေးပြီး နှစ်သက်သလို အနေတော် ပိုင်းဖြတ်ထားပါ။
- ဒယ်တွင် ဆီထည့်ပြီး အငွေ့တက်လာသည်အထိ တည်ပါ။ ဆီကျက်လျှင် ထောင်းထားသည်များကို ထည့်ကာ ဆီသတ်ပါ။
- ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ နွမ်းလာလျှင် (ခန့်မှန်းခြေ ၂ မိနစ်ခန့်အကြာ) ကညွတ်များထည့်ပြီး ခရုဆီ၊ ပဲငပိ၊ အရောင်တင်မှုန့်၊ ဆားအနည်းငယ်၊ သကြားအနည်းငယ် တို့ထည့်ကာ နှံ့အောင်မွှေပါ။ ပြီးလျှင် ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ထားပါ။
- ကညွတ်နူးလျှင် အပေါ့အငံမြည်း၊ လိုသလိုပြင်ကာ ပန်းကန်ထဲထည့်၍ တည်ခင်းသုံးဆောင်နိုင်ပါပြီ။
o'chef
photo: evy' kitchen
