ကန်စွန်းရွက် မှိုကြော် - eye of god

Breaking

Thursday, August 1, 2019

ကန်စွန်းရွက် မှိုကြော်


ပါဝင်ပစ္စည်းများ
  1. ကန်စွန်းရွက် - လက်တစ်ဆုပ်စာ ၁စည်း
  2. ကောက်ရိုးမှို - စားနိုင်သလောက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ချက်ပြုတ်ပုံ
  1. ကန်စွန်းရွက်ရင့်နေတဲ့ နေရာများကို ဖယ်ပစ်ပြီး အရိုးသပ်သပ်၊ အရွက်သပ်သပ် သင်ထားပါ။ အရိုးများကို ထက်ခြမ်းခွဲထားပါ။ ရေစင်အောင်ဆေး ရေစစ်ထားပါ။
  2. မှိုကို ရေဆေးပြီး အနေတော်ပိုင်းဖြတ်ထားပါ။
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ။
  4. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ။
  5. ဆီအငွေ့ တက်လာလျှင် နနွင်းမှုန့်နှင့် ဆားကိုအရင်ဆုံး ထည့်ကြော်ပါ။
  6. ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပြီး မှိုနှင့် ကန်စွန်းရိုးတို့ကို ထည့်ကာ တစ်မိနစ်လောက်ကြော်ပေးပါ။
  7. ပြီးလျှင် ကန်စွန်းရွက်များထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ။
  8. နှစ်မိနစ်လောက် ကြော်ပြီးလျှင် ငရုတ်ကောင်းမှုန့်ဖြူးပြီး ပူနေတုန်းလေး ပန်းကန်ထဲပြောင်းထည့်ကာ စားသုံးနိုင်ပါပြီ။
..........
Tuumar